မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ကိုဗစ်-၁၉ ကာလတွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကံမ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများကို ယနေ့နံနက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု  ၅၆  အုပ်စုမှ  ပုံမှန် ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု ၁၁၁၆၀ စုအတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်၂၀၀၀၀နှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၂၂၃၂ သိန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်း နှင့် ဌာနဆိုင်ရာများ၊       ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးများက ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ ပြည်သူများ     လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)