မိုင်းဖြတ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ အိမ်တိုက်ရာရောက်ပေးအပ်

မိုင်းဖြတ် စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများကို  KBZ Pay များမှတစ်ဆင့်  ထောက်ပံ့ပေး လျက်ရှိရာ KBZ Pay ကနေ ထုတ်ယူရန် အခက်အခဲရှိသူများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းများက  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  လူမှုတန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မေမေခင်နှင့် မိုင်းဖြတ် မြို့၊ ကမ္ဘောဇဘဏ်ခွဲမှ လက်ထောက်မန်နေဂျာ ဒေါ်သဲနုဝါနှင့် လက်ထောက်ကြီးကြပ်ရေးမှူး  ဒေါ်နန်းဟေမာဝင်း တို့က စျေးတန်းရပ်ကွက်၊ မိုင်းဖြတ်အုပ်စု၊ နမ့်လန်း၊ နမ့်ကုန်း၊ ဟွေရှိုစသည့် ကျေးရွာ များသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

မိုင်းဖြတ်မြို့နယ်အတွင်းမှာ ကွင်ဆင်းကောက်ယူခဲ့တဲ့ စာရင်းများအရ ကိုယ်ဝန်ဆောင်မိခင် ၂၈၉ဦး အသက် ၂ နှစ်အောက်ကလေးငယ် ၁၂၂ ဦး စုစုပေါင်း ၄၁၁ဦး ရှိပြီး KBZ Pay ဖြင့် ထုတ်ယူရန် အခက်အခဲရှိသူ ၂၆၁ ဦး ရှိကာ ကျန်ရှိတဲ့ သူများကိုတော့  သက်ဆိုင်ရာ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ကတစ်ဆင့် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)