ပန်းတနော် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကို ယမန်နေ့ညပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။
ပန်းတနော်မြို့ပေါ် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးတွင် အစားအသောက် ရောင်းချသည့် ဆိုင်များနှင့် ကွမ်းယာဆိုင်များအား နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း၌သာ ပါဆယ်စနစ်ဖြင့်ရောင်းချကြရန် ထုတ်ပြန်ကြေညာထားပြီး ည ၈ နာရီ နောက်ပိုင်း ရောင်းချခြင်းမပြုလုပ်ကြရန် ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)