ဗိုလ်တထောင် စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် quarantine center ထားရှိရာတွင် လိုအပ်ချက်များ ပံ့ပိုးကူညီပေးရေး၊ တာဝန်ခွဲဝေရေးနှင့် စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ (၁၆)ရက် ေ န့ နံနက်(၁၁)နာရီက အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၆)သိပ္ပံခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ Quarantine center ထားရှိမည့်နေရာ(၂)ခုအနက် အ.ထ.က(၃)တွင်(၂၄)ဦးနှင့် အ.ထ.က(၆)တွင်(၁၀၀)ဦးထားရှိနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နေမှုများ၊ အနီးကပ် စောင့်ကြပ်ကြည့်ရှုရမည့်လုပ်ငန်းများ၊ စေတနာရှင်များ၏ပံ့ပိုးကူညီမှု၊ လိုအပ်ချက်များ တာဝန်ခွဲဝေဆောင်ရွက်ရေး၊ သန့်ရှင်းရေးနှင့် ရေရရှိမှု၊ လျှပ်စစ်မီးများနှင့် လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးကြသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန်အတွက် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်သောင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)