မိုင်းရယ်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးသုံးပစ္စည်းများထောက်ပံ့

မိုင်းရယ်  စက်တင်ဘာ  ၁၈

မိုင်းရယ်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၁)၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသန်းလွင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များက  ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ အုပ်စု အတွင်းမှ အိမ်ထောင်စု ၂၀၆၂ စုအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ တစ်အိမ်ထောင်လျှင် ကျပ် ၂၀,၀၀ဝိ/- နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထောက်ပံ့ပေးသည့် ကျေးရွာအုပ်စုတစ်စုလျှင် Mask ၁ ဘူး၊  Hand Speaker ၁ ခု၊ သာမိုမီတာ ၁ခု စီအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသန်းလွင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များက  ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်