လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံ နှိုးဆော်

လှိုင်းဘွဲ၊     စက်တင်ဘာ  ၁၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ထို့သို့ လှည့်လည်အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြည်ခြင်း စသည့် အဆိုပါလမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေးနှိုးဆော်ခြင်းနှင့်ပြင်ပသို့ ထွက်ခွာလာသူများတွင် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား နှားခေါင်းစည်း Mask  များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)