ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပိုင်ကျုံ  စက်တင်ဘာ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ  ပြည်သူများအား အသိပညာပေး ဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အ၀င်လမ်းခွတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို ပိုင်ကျုံမြို့ဌာနဆိုင်ရာများ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ပြည်သူများ အနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင် စနစ်တကျ နေထိုင်ရန်၊ လက်များကို မကြာခဏ ဆေး ကြောရန်၊ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်သော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား Mask တစ်ခုလျှင် (၁၀၀၀) ကျပ်နှုန်းဒဏ်ငွေအဖြစ်ပေးဆောင်စေပြီး တပ်ဆင်စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)