တန့်ယန်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ပေးအပ်သည့် အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သည်။
အဆိုပါ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ကို တစ်လတစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် (သုံး)သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၃၂)ဦးရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)