လှိုင်းဘွဲ၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၁)အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၁၁၈၇)စုတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း (၂၂၃၇၄၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စု ဝင်များ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု များအတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံ စားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့မှ စတင်၍ လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့ငွေကို ဇူလိုင်(၂၈)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ထောက်ပံ့ငွေကို ဩဂုတ်(၁၈)ရက်နေ့တွင် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေး ခြင်းသည် စတုတ္ထအကြိမ်မြောက် ထပ်မံထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)