တန့်ဆည်မြို့တွင် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

တန့်ဆည်   စက်တင်ဘာ     ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင် များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုရန်နှင့်  ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားရှိရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများက ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်တွင်ရောင်းချလျက်ရှိသည့် စားသောက ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ဝင်ရောက်၍ ကြည့်ရူ့စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး လိုက်လံအသိပေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)