တဝန်ဖန်ရကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း စတင်အ​ကောင်အထည်​ဖော်ဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ရ​ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ​ထောက်ပံ့​ငွေ (၁၁၇၀၀၀၀၀)ကျပ်ဖြင့် အရှည် ၆၈၀​ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ တို့ဖြင့် လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏လမ်းညွန်မှု၊ လက်​ထောက်နည်းပညာမှူး​ဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံး​ရေးမှူး နန်းမြတ်သူဇာတို့၏အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/​ကျေးရွာသား တို့၏ပူး​ပေါင်းပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခြင်းဖြစ်​ကြောင်းသိရ သည်။

စီမံန်းလုပ်ငန်းပြီး​မြောက်ပါက တဝန်ဖန်ရ​ကျေးရွာမှ အိမ်​ထောင်စု (၃၂၄)စုမှ လူဦးရေ (၂၁၀၉) ဦးအတွက် လမ်းပမ်းဆက်သွယ်​ရေးအဆင်ပြေ​ချောမွေ့လာမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းအား ရက်ပေါင်း (၃၀)ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)