လှိုင်းဘွဲ စက်တင်ဘာ ၁၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် စည်ပင်သာယာရေးရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌက စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရန် ပြောကြားပြီး စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်း(၁၉)ဦးကို တစ်ဦးလျှင်ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)