အင်တော စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ ရရှိစေရန် အတွက် ရည်ရွယ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ် စာစောင်များပြသခြင်းကို ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူး ခံရနိုင်သူများ၊ လူကုန်ကူးမှုများပေါ်ပေါက်လာပုံ၊ လူကုန်ကူး မခံရစေရန် သတိပြုရမည့် အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသောဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ ကုန်ကူးသူများ၏ လူစူဆောင်းသည့် နည်းလမ်းများ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ဓာတ်ပုံများ၊ ကာတွန်းများစသည့် အသိပညာပေး ထည့်သွင်း ပြသထားရှိကြောင်း သိရသည်။
အောင်ခိုင် (အင်တော)