အုတ်ဖို စက်တင်ဘာ ၁၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများအား ရွေးကောက်ပွဲ ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပို့ချလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား (၁၈၉)ဦးအား သင်တန်းကာလ(၂)ရက်တာအတွင်း စာသင်ခန်း(၂)ခန်းဖြင့် (၈)ကြိမ် ခွဲကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု၊ စေ့စပ်ညှိနှိုင်းခြင်းသင်ခန်းစာ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ် သင်ခန်းစာ၊ မဲစာရင်းပြုစုခြင်း ကြိုတင်မဲပေးခြင်းသင်ခန်းစာ စသည့်သင်ခန်းစာများကို ဆွေးနွေးပို့ချလျက် ရှိကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)