ဂန့်ဂေါ စက်တင်ဘာ ၁၈
ဂန့်ဂေါခရိုင် အားကစားကွင်းတွင် အေ အဆင့် အားကစားရုံကို ၂၀-၂-၂၀၂၀ နေ့မှ စတင်ဆောက် လုပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းပမာဏ၏ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆောက်အအုံကို ကျပ်သန်း ၂၇၀ ခွင်ပြုငွေ ဖြင့် တင်ဒါစနစ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုကာလတွင် ဆောက်လုပ်ရသည်ဖြစ်ရာ ကျန်းမာရေးစောင့်ရှောက်မှု အထူး ဆောင်ရွက်ရကြောင်းနှင့် ပစ္စည်းများသယ်ယူရာတွင် အခက်အခဲများရှိကြောင်း ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းကို က ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံဆောက်လုပ်မှုမှာ စက်တင်ဘာလကုန်တွင်ပြီးစီးမည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း တို့သည် ယမန်နေ့က အဆောက်အအုံဆောက်လုပ်မှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်းနှင့် လုပ်ငန်းဆိုင်ရာများ အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
တောင်သားမောင်သန်း