နတ်မောက်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား လိုက်လံစစ်ဆေး

နတ်မောက်  စက်တင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဖွင့်လှစ်ပြီးစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ယနေ့ နံနက် ၉ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဝင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးသိန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒု-ဦးစီးမှူး ဒေါ်ဥမ္မာဆွေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးအောင်ချစ်ဝင်း  တို့က     မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် စက်မှုဇုံအလိုက်ဖြစ်စေ၊ စက်ရုံစုအလိုက် ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ အချင်းချင်း လိုအပ် သလိုအဖွဲ့ငယ်များဖွဲ့စည်း၍ အပြန်အလှန်ကြီးကြပ် ဆောင်ရွက်စေခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ တာဝန်ရှိသူများအား အကြံပြုချက်များပေးခြင်း၊ ပုံမှန်ဖြစ်စေ၊ လိုအပ်ချက် အရဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကာလသတ်မှတ်ပြီး Check List အသုံးပြုရန်၊ အကြံပြုချက် များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို သတိပေးစာ ထုတ်ပြန်ခြင်း၊ ခံဝန်ထိုးစေခြင်းစသည့် စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိန်းကြောင်းတည့်မတ်ခြင်း တို့အပြင်  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် အခါအားလျော်စွာ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
မူမူစန်း (နတ်မောက်)