ပန်းတနော် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့မဈေးနှင့် ပျံကျဈေးများ၌ ဈေးရောင်း/ ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ နေ့စဉ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဈေးရောင်း/ ဈေးဝယ်သူများကို နှာခေါင်းစည်း တပ်ဆင်ကြရန် နှိုးဆော်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ဝယ်ယူ ရောင်းချခြင်းမရှိသည့် စျေးသည်များအား ဒဏ်တပ် အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ သတ်မှတ် စည်းမျည်းစည်းကမ်းများ လိုက်နာရန် နှိုးဆော်ထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်က ပြောကြားသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)