ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ဒုတိယအကြိမ်) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည်၊ စက်တင်ဘာ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ဒုတိယအကြိမ်) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးသက်ထွန်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆွယ် စည်းရုံးသည့် ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေးပါတီများ ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက် စေရေးအတွက် ဒုတိယအကြိမ်စေ့စပ် ညှိနှိုင်းရေးကော်မတီအနေဖြင့် အစည်းအဝေးကျင်းပ ပြုလုပ်ခြင်း ဖြစ် ကြောင်း နှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး  ဒေါ်နွဲ့နွဲ့ခိုင်မှ စေ့စေပ်ညှိနှိုင်းရေး ကော်မတီဝင် များအနေဖြင့်  နိုင်ငံရေး ပါတီများနှင့် ရွေကောက်ပွဲတွင်သက်ဆိုင်သူများ အကြား အငြင်းပွားမှု ပြဿနာပေါ်ပေါက်ခဲ့ပါက ပြေလည်မှု ရှိအောင် စေ့စပ် ညှိနှိုင်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးစဉ် ကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီးတက်ရောက်လာကြသောရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက သက်ဆိုင်ရာ နယ်များအလိုက် မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ရေး တို့ကို အသီးသီးဆွေးနွေးကြရာ မြို့နယ် ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ထွန်းက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး