မြဝတီ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ် ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေကျပ်(၄၈.၀)သန်းကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီခွဲအချိန်က မြဝတီမြို့နယ် ထီးဝါပလော ကျေးရွာသို့ မြစိမ်းရောင်စီမံကိန်း ချေးငွေ များဆဌမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့မြစိမ်းရောင်စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့်ဝန်ထမ်းများက ကျန်းမာ ရေးနှင့်အားက စားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၆)ဦးအတွက် ငွေကျပ် (၂၁.၃)သန်း၊မွေးမြူးရေးလုပ်ကိုင်သူ (၁၂) ဦးအတွက်ငွေကျပ် (၁၀.၇)သန်း၊အရောင်းအဝယ်လုပ်ကိုင်သူ (၁၂) ဦးအတွက် ငွေကျပ် (၁၆.၀)သန်း စုစုပေါင်း လူဦးရေ (၅၀) ဦးအတွက် စုစုပေါင်းငွေကျပ် (၄၈.၀) သန်းကို ထုတ်ချေးပေးခဲ့သည်။
အဆိုပါမြစိမ်းရောင်စီမံကိန်းငွေများပြန်လည်ထုတ်ချေးပေးခြင်းကို မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လျာထားသည့် ထီးဝါပလောရွာ ရွာတွင်းလမ်း မြေသာပြုပြင်နေမှုအခြေအနေများကိုလည်း ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်