ငါန်းဇွန် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန် နေ့ ညနေ ၄နာရီအချိန်က Corona Virus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် ပြန်လည်တုန့်ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ တိုက်နယ် ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးမှူးများအား Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာ ကြားချက်များကို ရှင်းလင်းပြောကြား ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Corona Virus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် ပြန်လည် တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းစိုး (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)တို့သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက် ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များကို မြို့နယ် အတွင်းရှိ တိုက်နယ်ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးမှူးများအား Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)