ကျွန်းလှမြို့နယ်တွင်အခြေခံလူတန်းစား အိမ်‌ထာင်စုများအား ထောက်ပံ့ငွေပေးအပ်

ကျွန်းလှ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီကမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

နိုင်ငံတော်မှကိုဗစ်-၁၉ကာလ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ်အခြေ ခံစားသောက်ကုန် (၅) မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့်အိမ် ထောင်စုများကို ငွေကျပ်(၁၅၀၀၀) နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ် တစ်အိမ်ထောင်လျှင်ငွေကျပ် (၂၀၀၀၀) စီကို လည်းကောင်းထောက်ပံ့ ပေးခဲ့ပြီး၊ ယခုစတုတ္ထအကြိမ် အိမ်ထောင်စု (၁၃၃၇၄) စုအတွက်တစ် အိမ်ထောင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်စုစုပေါင်းငွေကျပ် (၂၆၇၄၈၀၀၀၀) ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဆိုပါထောက်ပံ့ငွေများကိုမြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြီးကြပ်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများမှ တဆင့် အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

မျိုးဝင်းညို ကျွန်းလှ