လှိုင် စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ပိုင်းကစ၍ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆)ရပ်ကွက်အသီးသီးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်စာရေးများ၊ အဖွဲ့ဝင်များက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ ငွေများ ပေးအပ်ရာတွင် လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ရပ်ကွက်(၁၆)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၉၅၀)စုတို့အား အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၅၉၅၀)စုအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၁၉,၀၀၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကြည်ဇေသော်(ပြန်/ဆက်)