ဆားလင်းကြီး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ပဉ္စမအကြိမ်မြောက်အား ယမန်နေ့မွန်းလွဲပိုင်း အချိန်က ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ပဉ္စမအကြိမ်မြောက်အား ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များစားဝတ်နေရေး အဆင်ပြေစေရန် ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၉)အုပ်စုမှ အိမ်ထောင်စု (၁၄၉၂၆) စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀) နှုန်း ဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၂၉၈၅၂၀၀၀၀) ကျပ်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့် နှင့်ဌာနဆိုင်ရာများက ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်/ကျေးများနှင့်ကျေးရွာ တာဝန်ကျဌာနဆိုင်ရာများမှတစ်ဆင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြကြွယ်ဝင်း (ဆားလင်းကြီး ပြန်/ဆက်)