အင်တောမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပညာပေးဆင့်ပွားသင်တန်း ပို့ချ

အင်တော   စက်တင်ဘာ    ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ရပ်စောက်မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်​နေ့တွင်  ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ​ထွေ​ထွေ   ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ရပ်ကွက်/​ကျေးရွာ အုပ်စု​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌနှင် အတွင်း​ရေးမှူးများအား ​ရွေး​ကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေများပညာ​ပေးဆင့်ပွား သင်တန်းကို ယမန်နေ့က အင်တောမြို့ ရန်အောင်မြေဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းရွှေက  အဖွင့်အမှာ စကား ပြောကြား ပြီး မြို့နယ်​ရွေး​ကောက်ပွဲ ​ ​ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးဇော်မင်းလတ်က ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ  ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်နှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်များ။ မဲပေးပုံသရုပ်ပြခြင်း၊ မဲဆန္ဒရှင်မဲစာရင်းပြုစုခြင်း၊  ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွာမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းမျာနှင့် ပြည်သူလူထုနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်းကို သင်တန်းနည်းပြ (၅)ဦးက   သင်ကြားပို့ခ ျဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အင်တောမြို့ မြို့ပေါ်(၆)ရပ်ကွက်၊ နန်းကောင်းမှု၊ အုန်းကွဲ၊ ကျောက်ဂူ၊ နောင်လုံနှင့် နောင်ဝိုးကျေးရွာအုပ်စုများမှ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် (၂၈) ဦးက တက်​ရောက်ခဲ့​ကြောင်း သိရသည်။

အောင်ခိုင် (အင်တော)