မိုင်းပန်မြို့တွင် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် Thermometer များ ထပ်ဆင့်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ခန်းမအတွင်းတွင် ယနေ့နေ့လည် (၃)နာရီအချိန် က ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန် Medical Forehead Infrared Thermometer များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦးထံသို့ ထပ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဂန္ဓမာပန်း စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူအများသည် အခြေခံသီးနှံ စားသောက်ကုန်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချလျက်ရှိပြီး ဂန္ဓမာပန်းစိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတက်ရောက်၍ ဝါးပင်များစိုက်ပျိုး

ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ် သစ်တောဦးစီးဌာန Online စနစ်ဖြင့်ကျင်းပသော အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် အမှတ် ၂၂ တာယာစက်ရုံအား ယာယီပိတ်သိမ်း

ဘီးလင်းမြို့နယ် (အမှတ်-၂၂) တာယာစက်ရုံ Section 3 တွင် တာဝန်ထမ်းဆောင်နေသော စက်ရုံဝန်ထမ်းတစ်ဦးနှင့် ယင်းနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းများ၌ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး နောက် စက်ရုံအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ချောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ပြုလုပ်ခဲ့သည်။

ဟားခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေး အသိပညာပေး လက်ကိုင် စပီကာများဖြင့် အသိပေးနှိုးဆော်နိုင်ရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေး

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သည့် လက်ကိုင်စပီကာများအား ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်၊ကျေး အုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေ ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်(၉)နာရီအချိန် က လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေစကြိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀ဝ နှုန်းထောက်ပံ့

ရေစကြိုမြို့နယ်၌ ကိုဗစ်-၁၉ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ ထောက်ပံ့မှုကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးပြည်ကြီးမဏ္ဍိုင်မြို့ဌာနပေါင်းစုံကျေးရွာအထိကွင်းဆင်းဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ကော့ သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု၊ တောင်ငယ်ကျေးရွာရှိ ပြည်သူများရောဂါ ကူးစက်မှုမှ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရေးကို ယမန်နေ့ ၁၁နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to