လပွတ္တာ စက်တင်ဘာ ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ ရောဂါကာကွယ်ရေးအတွက် အဓိက လိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်း လိုက်နာဆောင်ရွက်ရန်၊ စစ်ဆေးရေးဂိတ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန်နှင့် ပရဟိတအဖွဲ့ဝင်များအား စစ်ဆေးရေးဂိတ်များတွင် အသုံးမပြုရေး၊ ရုံးကိစ္စဖြင့် ခရီးသွားလာပါက စစ်ဆေးမှုများခံယူရန်၊ ဝန်ထမ်းများလည်း ဆိုင်ထိုင်စနစ် စားသောက်မှု မရှိဆေးရေး၊ ဌာနဆိုင်ရာများ ရန်ကုန်နှင့် ရခိုင်မှပြန်ဝင်လာပါက Quarantine ဝင်ရမည် ယာယီဆေးရုံ ထားရှိရေး စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများရှိ စျေးဆိုင်ခန်းများကို ကျပ်တည်းမှု မရှိစေရေးဆောင်ရွက်ရန်၊ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ကို အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်၊ ထောက်ခံစာနှင့်ပတ်သက်၍ စနစ်တကျကြီးကြပ်ရန်၊ ကုန်တင်ယာဉ် မြို့၀င်/ မြို့ထွက် စနစ်တကျဆောင်ရွက်ရေး၊ ကုန်ပစ္စည်း များကို (၃)မိုင်အဝေးပြေးကား၀င်တွင် ထားရှိပြီး မြို့တွင်းသို့ စနစ်တကျ ပို့ဆောင်ရေးတို့ကို လပွတ္တာမြို့နယ်အနေဖြင့် ရောဂါ ကူးစက်မှု ကင်းရှင်းနိုင်ရန်အတွက် ဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၀င်းကျော်မြင့် (လပွတ္တာ)