ရေဦးမြို့နယ်မှ ဒုတိယအသုတ် စောင့်ကြည့်စင်တာ ၀င်ရောက်သူ ၆၇ ဦးအား ဓာတ်ခွဲစစ်ဆေး နိုင်ရန်( Swab ) ရယူ

ရေဦး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍  ပိုးတွေ့သည့် နေရပ်ဒေသများမှ ပြန်လာသူများကို  ခရီးသွားရာ ဇ၀င်မှတ်တမ်းများဖြင့် စိစစ်ကာ   Community Base Facility  Quarantine  Centre  တွင်ထားရှိ စောင့်ကြည့်လျက်ရှိပါသည်။

စောင့်ကြည့်စင်တာ၀င်ရောက်၍   စောင့်ကြည့်ကာလ   ငါးရက်ပြည့်သူ (၆၇) ဦး ကို  ဒုတိယသုတ်အဖြစ် ၎င်းတို့၏ အာခေါင်နှင့်  နှာခေါင်းတို့ပတ်  (Swab ) များ ရယူပြီး   ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရ ခြင်းရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင် ရန်  မန္တလေးတိုင်း ဒေသကြီး၊  မန္တလေးမြို့ အမျိုးသားကျန်းမာရေး  ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ယမန်နေ့က ပေးပို့ထားရှိကြောင်း သိရှိရပါသည်။

အာခေါင်နှင့်   နှာခေါင်းတို့ပတ် (Swab) များ   ရယူဓာတ်ခွဲ  စစ်ဆေးနိုင်ရန်အတွက် မြို့နယ် ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ  ကျန်းမာရေးဌာန  သားဖွားဆရာမ၊  ကြီးကြပ် (၂) နှင့်   ကျန်းမာရေး၀န်ထမ်းများက   ဆောင်ရွက်‌ပေးခဲ့ကြကြောင်း သိရသည်။

  သန်းထိုက် (ရေဦး )