တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦး၀င်းရွှေနှင့် ဌာနဆိုင်ရာရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦး၀င်းရွှေ က အဖွင့်အမှာ စကားပြောကြားရာတွင် လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလနှင့် အကြိုကာလတွင် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏  ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လ(၁)ရက်နေ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၂၀) ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။     

ဆက်လက်၍ ခရိုင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းကော်မတီ အဖွဲ့ဝင် ဦးသန်းဦး က ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီ ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို  ဆွေးနွေး ပြောကြား ပြီးနောက် အစည်းအဝေးသို့  တက်ရောက်လာသော  ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး  ခရိုင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း၊ အလားတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ အဖွဲ့၀င်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

မြင့်သန်းဦး(ပြန်/ဆက်)