လင်းခေး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ကာကွယ်ရေးအတွက် ပေးအပ်လာသော အပူချိန်တိုင်း ကိရိယာနှင့် Hand Held Mega Phone များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် က လင်းခေး မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁)အုပ်စု စာရေးဝန်ထမ်းများအား ပေးအပ်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များအား ယမန်နေ့နံနက်ပိုင်း က စတင်၍လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက Hand Held Mega Phone များဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများထံသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန် ထားသည့် ထုတ်ပြန်ချက်တို့အား ရပ်ကွက်နှင့်ကျေးရွာနေ ပြည်သူများအနေဖြင့် ပိုမိုသိရှိနိုင်စေရန် အတွက် ယမန်နေ့နံနက်ပိုင်းက စတင်၍ လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
လင်းခေး (ခရိုင်၊ပြန်/ဆက်)