ဒီးမော့ဆို စက်တင်ဘာ ၁၈
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြည်သူများ အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ ပြည်သူများနေ့စဉ်ပုံမှန် အားကစား လေ့ကျင့်ခန်းများပြုလုပ်နိုင်စေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင် လာစေရန် ရည်ရွယ်၍ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊စာသင်ကျောင်းများ ၊ရပ်ကွက်/ ကျေးရွာများသို့ ဩဂုတ်လမှစ၍ ယနေ့ထိ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမိုးအောင်နှင့် ဝန်ထမ်းများက နန်းမယ်ခုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အထက(ခွဲ)ဝါဘန်းလို၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါစဲကျေးရွာ၊ ဒေါကမီးကျေးရွာ၊ ဒေါခလိုက်လင်းကျေးရွာ၊ ဒေါတငူကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ထီးဆော်ဒေါကျေးရွာ၊ ကျွန်းတောကျေးရွာများသို့ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စသော အားကစားပစ္စည်းများ ကို ဌာနနှင့် ကျေးရွာများအရောက် သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
ယနေ့ထိ ပေးအပ်လှူဒါန်းခဲ့သည့် အားကစားပစ္စည်းများမှာ ဘောလုံး(၁၂)လုံး၊ ဘောလီဘော (၁၂)လုံး၊ ပိုက်ကျော်ခြင်း (၁၂) လုံး၊ ဘောလီဘော်ပိုက် (၁၂) ခုနှင့် ပိုက်ကျော်ခြင်းပိုက် (၁၂) ခုတို့ ဖြစ်ကြောင်းသိရသည်။
ကြီးဒဲရယ်