လင်းခေး စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများထံ (တတိယ)အကြိမ် ထောက်ပံ့ငွေထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် လင်းခေးမြို့ပေါ် (၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁)အုပ်စုရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၃၆၆)စုတို့အတွက် ထောက်ပံ့ငွေများ အသီးသီးကို လင်းခေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ဦးဇော်မင်း (ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး)တို့က အဆိုပါရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်း ထုတ်ပေးခဲ့ကြပြီး၊ ရပ်/ ကျေးအုပ်စု (၁၉)စုမှ အိမ်ထောင်စု (၃၆၆)အိမ်ထောင်အတွက် ထုတ်ပေးငွေ ကျပ်(၇၃၂ဝဝဝဝိ/-) ဖြစ်ပါကြောင်းနှင့် ရပ်ကွက်နှင့်ကျေးရွာများမှ အိမ်ထောင်စုများထံ သွားရောက်ကွင်းဆင်း၍ အိမ်ရှင်များ၏ လက်ဝယ်အရောက် ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)