ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုနှင့် ချောင်းမငယ်ကျေးရွာအုပ်စု တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ မဲတင်းတိမ် ကျေးရွာ နှင့် ချောင်းမငယ်ကျေးရွာ တို့တွင် လက်ဝယ်အရောက် တစ်အိမ်တက်တစ်အိမ်ဆင်း ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။