ခရမ်းမြို့နယ်တွင် အသက်(၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်စပ် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂) နာရီအချိန်က ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုငအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် Lock Down ချထားသော လမ်းများအတွင်းရှိ အိမ်ထောင်စု ဝင်များအား စားသောက်ကုန်များ လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်အတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေးအဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက် အသီးသီးမှ စေတနာရှင်များက ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အလုံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှူရေးပင်စင်ထောက်ပံ့ ပေးအပ်

ရန်ကုန်အအနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ အား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေလယ်ပိုင်း သစ်တော ကွက်တွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး မိသားစုဝင်ငွေတိုးပွားလျက်ရှိ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာအုပ်စု ဝါးနက်ကုန်းမြောက် ဘက်ကမ်းရှိ ကျေးလက်နေပြည်သူအများစုမှာ စားဝတ်နေရေးအဆင်ပြေချော့မွေ့စေရန် တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီး မိသားစုဝင်ငွေ တိုးပွားလျက်ရှိကြောင်း သိရ သည်။

ဒလမြို့နယ်၌ ပိုးတွေ့လူနာတွေ့ရှိခဲ့သည့် နေအိမ်မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည့် နေအိမ်မိသားစုဝင်များအတွက် အခြေခံ စားသောက်ကုန်များကို ယမန်နေ့က We Love Dala မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်းရှိစားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေး အကြောင်းကြားစာ ပေးပို့ခြင်းနှင့် အသိပညာပေးခြင်းများ‌ ဆောင်ရွက်

အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်း ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေး အကြောင်းကြားစာ ပေးပို့ခြင်းနှင့်အသိပညာခြင်းကို ယနေ့နံနက်၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းလေးကန်ထိန်သိမ်းရေးအတွက် လှူဒါန်းထားသည့် ဗေဒါရှင်းစက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရေး အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ဗေဒါနှင်ဒိုက်များရှင်းလင်းရေးအတွက် တပ်မတော်မှ ဗေဒါရှင်းစက်(၂)စီး ပေးအပ်လှူဒါန်းထားရာ အဆိုပါစက်များ ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရေး အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခန့်က ညောင်ရွှေ မြို့၊ အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ရုံးခန်းမ၌ပြုလုပ်ခဲ့သည်။
Subscribe to