တာချီလိတ် စက်တင်ဘာ ၁၈
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်မှုကို ကြိုတင်တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ရပ်ကွက်များသို့ ကွင်းဆင်း၍ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ပူးပေါင်းအဖွဲ့များသည် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ ဈေးများနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တစ်လျှောက်၊ လူစည်ကားရာ နေရာဒေသများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြော ခြင်း mask များတပ် ဆင်ထားခြင်းမရှိသော ပြည်သူများကို mask များ တပ်ဆင်ပေးခြင်း၊ Hand Speaker နှင့် အသံချဲ့စက်များ အသုံးပြု၍ ကြေညာပေးခြင်း၊ ဆော်ဩပေးခြင်းနှင့့်် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်နှင့် ရှောင်ရန်များကို ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြကာ အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်း၊ ပိုစတာကြော်ငြာကပ်ခြင်းများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာ၊ mask များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြရာတွင် ဒု-ခရိုင် အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်အတူ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှု ဝန်ထမ်း ဦးစီးဌာန၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များ၊ မဇ္ဇျိမ လူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)