ပလောက်မြို့၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ပလောက်၊  စက်တင်ဘာ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူ များအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းကို  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီးနောက် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်ကစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ပလောက်မြို့ ပေါ်ရပ်ကွက်တွင် မသန်စွမ်းသူ (၄၆)ဦးတို့အား တစ်ဉီးချင်းစီလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရှိရသည်။

နှင်းမြူလွင်  (ပလောက်ပြန်/ဆက်)