မင်းတုန်းမြို့နယ်တွင် ဒေသတွင်းပစ္စည်းဝယ်ယူခြင်းနှင့် လုပ်အားခသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မင်းတုန်း စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသတွင်း ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်အားခသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဌာနများ အနေဖြင့် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အုတ်၊သဲ၊ကျောက်၊သံ၊ဘိလပ်မြေများအား ဒေသတွင်းဈေးနှုန်း သတ်မှတ်ရခြင်းနှင့် လုပ်အားခ သတ်မှတ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် စီမံခန့်ခွဲရေးကော်မတီဝင်များက ဆွေးနွေးမှုများအပေါ် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)