ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၁၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် လတ်လလောဖြစ်ပွား နေသည့် ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိစေရန်အတွက် ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှု အခြေ အနေတွေကို အများပြည်သူတွေ သိရှိအောင်၊ နောက်ပြီး ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျ သွားလာနေထိုင်ဖို့၊ ကျန်းမာရေး ညွှန်ကြားချက်တွေကိုလည်း အများပြည်သူတွေ တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ လှည့်လည်အသိပေး ဆောင်ရွက်နေတာပါဟု မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က ပြောသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးနိုင်ဦး၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉နှင့် ပတ်သက်၍ အများပြည်သူထံသို့ ပန်ကြားချက်များ၊ ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် စည်ကမ်းချက်များကို မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)