ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုနှင့် ချောင်းမငယ်ကျေးရွာအုပ်စု တို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ဘောဂလိ စက်တင်ဘာ    ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း  နိုင်ငံတော်အစိုးရမှ     ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား  အိမ်ထောင်စု များအတွက်  ထောက်ပံ့ငွေများပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက   ဘောဂလိမြို့  မဲတင်းတိမ်  ကျေးရွာ နှင့် ချောင်းမငယ်ကျေးရွာ  တို့တွင်   လက်ဝယ်အရောက်  တစ်အိမ်တက်တစ်အိမ်ဆင်း ထောက်ပံငွေများ  ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ ထောက်ပံ့ငွေများ  ပေးအပ်ရာတွင်   မြို့အုပ်ချုပ်ရေးမှူး  ဦးစောဘိုဘိုကျော်က    ကိုဗစ်- ၁၉ရောဂါ   ဖြစ်ပွားနေစဉ် ကာလအတွင်း   ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်    မိသားစုစားဝတ်နေရေး အဆင်ပြေ စေရန်နှင့်   အလုပ်အကိုင်အခက် အခဲဖြစ်ပေါ်နေမှု  အပေါ်   နိုင်ငံတော်အစိုးရက    ယခုလို  ငွေကြေးထောက်ပံ့  ပေးအပ်ရခြင်း  ဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး  မဲတင်းတိမ်ကျေးရွာအုပ်စုရှိ  ပုံမှန်ဝင်ငွေမရှိသော  အခြေခံ လူတန်းစား  အိမ်ထောင်စု  (၁၈၄)စု အတွက်  တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ်   (၂၀၀၀၀) နှုန်းဖြင့်  စုစုပေါင်းငွေကျပ်   (၃၆၈၀၀၀၀)  ကို၎င်း၊   ချောင်းမငယ်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား  အိမ်ထောင်စု   (  ၃၆ ) စုအတွက်  ထောက်ပံ့ငွေကျပ်   (၇၂၀၀၀၀)ကိုလည်းကောင်း မြို့အုပ်ချုပ်ရေးမှူးနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူး တို့က   တစ်အိမ်တက် တစ်အိမ်ဆင်း  လက်ဝယ်အရောက်  ထောက်ပံ့  ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။ 

နီလာအေး(ပြန်/ဆက်)