နွားထိုးကြီးမြို့နယ်တွင်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု(၃၀၁၄၇)စုတို့အတွက်တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်

နွားထိုးကြီး၊  စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင်ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပေးအပ်ပွဲအခမ်းအနားကို မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းမှ ထောက်ပံ့ငွေပေးအပ်ရသည့်အ ကြောင်းရင်းများကို ရှင်းလင်း ပြောကြားကာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၇၂)အုပ်စုမှ အိမ်ထောင်စု(၃၀၁၄၇)စုတို့ အတွက်ထောက်ပံ့ငွေ ကျပ်(၆၀၂၉၄၀၀၀၀/-)အားရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး ၎င်းတို့မှသက်ဆိုင်ရာ အခြေခံ အိမ်ထောင်စုများထံ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။                                                                     

နိုင်လင်း(ပြန်/ဆက်)