မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်လျှင် Mask မတပ်ဆင်သူများအား ရှောင်တခင်စစ်ဆေး၍ “ချက်ချင်းဝယ် ချက်ချင်းတပ်” ဒဏ်ရိုက်

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်လျှင် Mask မဖြစ်မနေ တပ်ဆင်သည့်အလေ့အထရှိစေရေးအတွက် မြို့နယ်အတွင်း သွားလာနေသော Mask မတပ်ဆင်သူများအား ယနေ့မွန်းလွဲ(၂)နာရီတွင် မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံများ၌ ရှောင်တခင်စစ်ဆေး၍ Mask ကို “ချက်ချင်းဝယ်၊ ချက်ချင်းတပ်” ဒဏ်ရိုက်ခြင်းဆောင်ရွက်ကြောင်းသိရသည်။

ဖားကန့် တောင်ပြိုကျေးရွာ၌ အရေးပေါ် ယာယီ အသွားအလာကန့်သတ်ထားရှိရေး စင်တာများ တည်ဆောက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးစတင်တွေ့ရှိရာ တောင်ပြိုကျေးရွာ၌ လူတစ်ရာခန့် ထားနိုင်မည့် အရေးပေါ် ယာယီ အသွားအလာကန့်သတ်ထားရှိမည့် စင်တာကို ယမန်နေ့ မနက်ပိုင်းက ချက်ချင်းဆောင်ရွက်ပေးနေကြောင်း မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဦးသန်းဇော်ကွန်းထံမှ သိရသည်။

ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ရှားတောမြို့နယ်၊ ကယားပိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ မွန်းလွဲ(၃) နာရီက ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အကြီးတန်းစာရေး ဦးစိုင်းခိုင်ဝင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မကျေးရွာ အုပ်စုနှင့် ထီးပေါ်ဆိုကျေးရွာအုပ်စုတို့တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Community Base Quarantine Center အဖြစ် အသုံးပြုနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ Positive အရေအတွက် များပြားလာခြင်း၊ လက်ရှိသာသနာ့ဗိမာန်၌ အရေအတွက်အကန့် အသတ်ဖြင့်သာ လက်ခံနိုင် ခြင်း၊ Primary Contact နှင့် Secondary Contact များ ပွားလာခြင်းတို့ကြောင့် ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် မြို့နယ် အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင် ရေးအတွက် Quarantine Center ထပ်မံဖွင့်လှစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုနိုင်ရေးကို ယနေ့ နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် သို့ မြို့နယ် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်များရှိ ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ငွေပေးအပ်

ကိုဗစ်-၁၉ ကာလ ကိုယ်ဝန်ဆောင်ငွေကြေး ထောက်ပံမှုအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး အတွင်း အကျဉ်းထောင်များရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က စျေးပိုင်းအလကကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ ကြောင်း သိရှိရသည်။

ရှားတောမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာဗဟု သုတရရှိစေရန်နှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျ မောင်းနှင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီချိန်က ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖရူဆိုမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေး နယ်မြေများ ခွဲဝေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Subscribe to