ဟားခါး စက်တင်ဘာ ၁၈
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၅ ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ပြန်လည်စေလွှတ် ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ G.T.I ကျောင်း Facility Quarantine ၁၄ ရက်ပြည့်သူ ၅ ဦးကို Swab နမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ ရက်ပြည့်၍ ပြန်လည် စေလွှတ်သူများမှာ ပြည်တွင်းရှိ မန္တလေးမြို့မှ ပြန်လာသူ ကျား(၃)ဦးနှင့် ရန်ကုန်မြို့မှ ပြန်လာသူ ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၅)ဦး ဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည်စေလွှတ်ခြင်း ခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် တစ်ဦးလျှင် (၄၉၀၀၀)ကျပ်နှုန်းဖြင့် (၅)ဦးအတွက် ငွေကျပ်စုစုပေါင်း ၂၄၅,၀၀၀ကျပ် နှင့် ကျန်းမာကြောင်း ထောက်ခံစာများ ထောက်ပံ့ပေးအပ် ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေရန်များကို ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း