သနပ်ပင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က စျေးပိုင်းအလကကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ ကြောင်း သိရှိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မွှေးမှ သင်တန်းပို့ချ ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်း၊ မဲဆန္ဒရှင်များအား အသိပညာပေးခြင်း စသည့်အခြေခံကျသည့် လုပ်ငန်းစဉ် များအား သင်တန်နည်းပြများက သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက် သင်တန်းပို့ချခဲ့ ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၆၆)အုပ်စုမှ ကော်မရှင် အဖွဲ့ခွဲဝင် (၃) ဦး နှုန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်နှင့်အညီ သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အခန်း(၁)ခန်းကို (၂၀)ဦး တက်ရောက် သင်ကြားပြီး သင်တန်းကာလအား စက်တင်ဘာ ၁၇ မှ ၁၈ ရက်နေ့ အထိ (၂)ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
လှမိုး(သနပ်ပင်)