ရှားတောမြို့နယ်၊ ကယားပိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှားတော  စက်တင်ဘာ  ၁၉

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ မွန်းလွဲ(၃) နာရီက ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိသောပြည်သူများအား Mask (၂) ခုကိုငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)