ဟုမ္မလင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အသုပ်စုံဆိုင်များတွင် Take-away ပါဆယ်စနစ်ဖြင့် ရောင်းချကြရန် အသိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ လူကြီးမင်းတို့၏ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အသုပ်စုံဆိုင်များကို

မင်းလှမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီးမင်းလှ-မင်းဘူးသွားကားလမ်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ဆီဘောက်ဆာယာဉ် တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံ အားကစားကွင်းများ အားကစားရုံများ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နိုင်မှုပြိုင်ပွဲများနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲများ ကျင်းပမည်

၂၀၂၀-ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် အားကစားတာဝန်ခံများ အနေဖြင့် မိမိတို့၏ အားကစားကွင်းများ၊ အားကစားရုံများ သန့်ရှင်းသာယာ စိမ်းလန်းစိုပြည်စေရန်

ကန့်ဘလူမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ရောက် ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၁၇၆၅) စုထံ ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များထံ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွာသာကြီးစခန်းနှင့် စိုင်နိုင်စခန်းများကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီက မြို့မစခန်းနှင့် လှတောစခန်းများသို့ လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးနှင့် လယ်တစ်ချို့ ရေနစ်မြုပ်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် - မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၆၉၁ ကီလိုမီတာမှ ၆၉၃ ကီလိုမီတာအကြားရှိ တိုကျေးရွာ၊ ကဒဲကျေးရွာမှ ပဝတ်ကုန်း ကျေးရွာအထိ ယနေ့နံနက်ပိုင်းက နို(လ်)(NOUL)မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးနှင့် လယ်ယာတစ်ချို့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ယမန်နေ့က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ရုတ်တရက် လေပြင်းတိုက်ခတ်၍ ဒီရေလှိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုကျပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ရုတ်တရက်လေပြင်း တိုက်ခတ်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးခြင်း များ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ကြေညာချက်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကမ္ဘာပေါ်တွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ကမ္ဘာ့နိုင်ငံ (၁၆၈) နိုင်ငံတွင် ဖြစ်ပွားနေသည်ဖြစ်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပေး နှိုးဆော်ချက်များကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ နေ့စဉ် ရပ်ကွက်၊ ကျေးရွာများအတွင်း ဆောင်ရွက်လျက်ရှိသည်။
Subscribe to