ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဖရူဆို စက်တင်ဘာ ၁၈


ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  အကြီးတန်းစာရေး ဦးစိုင်းခိုင်ဝင်းနှင့် ဝန်ထမ်းများက  ယနေ့ နံနက်ပိုင်းက မြို့မကျေးရွာ အုပ်စုနှင့် ထီးပေါ်ဆိုကျေးရွာအုပ်စုတို့တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ အိမ်ပြင်ထွက်ခွာသွား လာပါက နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာအသုံးပြု၍ ရေဖြင့် စနစ်တကျ ဆေးကြောရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုကြရန်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မိမိ ပတ်ဝန်းကျင်ကို သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ရာသီဉတုပြောင်းလဲမှုကြောင့်  ဖြစ်ပေါ် တတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့မကျေးရွာအုပ်စု ထီးကလူဒေါကျေးရွာ၊ ကဒါးလားကျေးရွာနှင့် ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးပေါ်ဆိုကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာတို့တွင် ကျန်းမာရေးဦးစီးဌာ၏ ညွှန်ကြား ချက်နှင့်အညီ  ပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)