ဖရူဆိုမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖရူဆို စက်တင်ဘာ ၁၈

၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဖရူဆိုမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေး နယ်မြေများ ခွဲဝေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးလွှီးဇီထားရုက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဦးအက်ဒွက်က ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက်  ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ညွှန်ကြားချက်နှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် နယ်မြေများ ခွဲဝေသတ်မှတ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား  ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် အဖွဲ့(၅)ဖွဲ့ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)