နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပေးအပ်သည့်ထောက်ပံ့ငွေများကို ခန္တီးမြို့နယ်တွင် ၇၅ ရာခိုင်နှုန်းကျော် ဖြန့်ဝေပြီးဖြစ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စု၏ ၇၅ ရာခိုင်နှုန်းကျော်ထံသို့ ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။