လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Community Base Quarantine Center အဖြစ် အသုံးပြုနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ Positive  အရေအတွက် များပြားလာခြင်း၊ လက်ရှိသာသနာ့ဗိမာန်၌ အရေအတွက်အကန့် အသတ်ဖြင့်သာ လက်ခံနိုင် ခြင်း၊ Primary Contact နှင့် Secondary Contact များ ပွားလာခြင်းတို့ကြောင့် ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် မြို့နယ် အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင် ရေးအတွက် Quarantine Center ထပ်မံဖွင့်လှစ်ရန်နှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  အသုံးပြုနိုင်ရေးကို ယနေ့ နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် သို့ မြို့နယ်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၁)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကြူကြူသင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ သွားရောက်ကြည့်ရှု၍  Quarantine Center  အဖြစ် အသုံးပြုနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး  ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရ သည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)