ရှားတော စက်တင်ဘာ ၁၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်နှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျ မောင်းနှင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီချိန်က ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ် လမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှားတောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက လူသွားလူလာများသော ဈေးပိုင်းရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းတွင် သွားလာနေသော ပြည်သူများ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)