ပဲခူးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်များရှိ ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ငွေပေးအပ်

ပဲခူး စက်တင်ဘာ ၁၈


ကိုဗစ်-၁၉ ကာလ ကိုယ်ဝန်ဆောင်ငွေကြေး ထောက်ပံမှုအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး အတွင်း အကျဉ်းထောင်များရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်နှင့် ဝန်ထမ်း များ၊ ပဲခူးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပဲခူး အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ဒိုက်ဦးအကျဉ်းထောင်များမှ ကိုယ်ဝန်ဆောင် (၆)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀ဝိ/- ဖြင့် စုစုပေါင်း ၁၈၀၀၀ဝိ/-အား ပဲခူးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထံ ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)